Kopaupi
Tuesday, 24 January 2012
Monday, 23 January 2012
ရုရှားနိုင်ငံက နျူကလီးယား ရေငုပ်သင်္ဘော အိန္ဒိယကိုလွှဲပေး

ရုရှားနိုင်ငံက နျူကလီးယား ရေငုပ်သင်္ဘောတစ်စင်းကို အိန္ဒိယနိုင်ငံကို လွှဲပြောင်းပေးတဲ့ အခမ်းအနားကို ရုရှား အရှေ့ဖျားက ဗလာဒီဗော့စတော့ (Vladivostok) ဆိပ်ကမ်းနားမှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို ရုရှားနဲ့ အိန္ဒိယ အရာရှိတွေ တက်ရောက်ခဲ့ကြပေမဲ့ သတင်းထောက်တွေကိုတော့ တက်ရောက်ခွင့် မပေးခဲ့ပါဘူး။
ရုရှားမှာဆောက်လုပ်တဲ့ နီပရာ (Nepra) ရေငုပ်သင်္ဘောကို အိန္ဒိယ ရေတပ်မှာသုံးဖို့ ဆယ်နှစ် ငှားရမ်းမှာဖြစ်ပြီး ငှားရမ်းခက ဒေါ်လာသန်းပေါင်း ၆၅၀ ကျမယ်လို့ ရုရှားက ကမ်းလှမ်းပါတယ်။ ဒါပေမဲ့ ဒီဆယ်နှစ် စာချုပ်အတွက် အိန္ဒိယက သန်း ၉၀၀ကျော် ပေးရကိန်း ရှိတယ်လို့ ရုရှားနဲ့ အိန္ဒိယ သတင်းတွေမှာ ဖော်ပြကြပါတယ်။
တန်ချိန် ၈,၁၄၀ ရှိတဲ့ ဒီရေငုပ်သင်္ဘောမှာ တာဝေးပစ် တော်ပီဒို ပါဝင်သလို ၂၀၀၄ ခုနှစ် နျူကလီးယား ထိပ်ဖူးတပ် ဂရာနတ် (Granat) အဝေးထိန်း ဒုံးကျည်လည်း ပစ်လွှတ်နိုင်ပါတယ်။
ဒီရေငုပ်သင်္ဘောကို အိန္ဒိယနံမည် ချတ်ကရား (Chakra) လို့ ပြောင်းလဲမှည့်ခေါ်လိုက်ပြီး ဒီလနှောင်းပိုင်းကျရင် ရုရှားရေပိုင်နက်ကနေ ထွက်ခွာမှာဖြစ်ပါတယ်။

Thursday, 10 December 2009
Proxy ရိုက်ပြီး ကျော်ကြည့်စရာ မလိုပါ
Proxy ရိုက်ပြီး ကျော်ကြည့်စရာ မလိုပါ
တစ်ချို့ဝက်ဆိုက်တွေကို မြန်မာ့ဆက်သွယ်ရေးက ပိတ်ထားတာတွေ ရှိပါတယ်။ ဘလော့တော်တော် များများကိုလည်း ပိတ်ထားတဲ့အတွက် မိမိတို့ ကြည့်ချင်တဲ့ ဘလော့များ၊ ၀က်ဆိုက်များ မကြည့်ရတဲ့ အဖြစ်မျိုးတွေ ရှိပါတယ်။ ဒီအခက်အခဲတွေကို ဖြေရှင်းပေးချင်ပါတယ်။ အတိုင်းအတာ တစ်ခုအထိတော့ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ အောက်ပါအဆင့်အတိုင်း ပြုလုပ်ပါ။
၁) အရင်ဦးစွာ ဒီဖိုင်လေးကို ဒေါင်းလုပ်ယူပါ။
၂) မိမိစက်ထဲရောက်ပါက Open With နှင့် Mozilla Firefox ဖြင့် ဖွင့်ပါ။ ထိုသို့ ဖွင့်လိုက်ပါက Install လုပ်ရမည့် Box လေး ပေါ်လာပါလိမ့်မည်။ Install လုပ်လိုက်ပါ။ ပြီးလျှင် ပိတ်ထားသော ၀က်ဆိုက်တစ်ခု၊ ဘလော့တစ်ခုကို ဖွင့်ကြည့် လိုက်ပါ။ အောက်ပါပုံအတိုင်း ပေါ်နေပါလိမ့်မည်။

၃) ကွင်းဝိုင်းထားသော အမှတ်ကလေးကို နှိပ်လိုက်ပါက Proxy ကျော်ပြီးသာ ဖြစ်သွားပါလိမ့်မည်။ Proxy address တစ်ခု ရိုက်ပြီး ကျော်ကြည့်စရာ မလိုတော့ပါ။

ဝက်ဆိုက်တိုင်း၊ ဘလော့တိုင်းကို ကြည့်၍ ရမည် ဖြစ်ပါသည်။ အဆင်ပြေကြပါစေ။
Monday, 14 September 2009
ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံနှံ

ပြည်တွင်းရှိ အင်တာနက်ဆိုင်များတွင် ညစ်ညမ်းဝက်ဘ်ဆိုဒ်များမှ Home Made ခေါ် သမီးရည်းစားအတွဲများ၊ အတူနေထိုင်နေကြပုံများကို ကြည့်ရှုသူ ပိုမိုများပြားလာနေကြောင်း အင်တာနက်သုံးစွဲသူများက ပြောသည်။
“သမီးရည်းစားအတွဲတွေ နေထိုင်ဆက်ဆံနေကြပုံတွေကို ရိုက်ထားပြီး ၀က်ဘ်ဆိုဒ်မှာတင်ထားတာ။ ခုနောက်ပိုင်း မြန်မာအတွဲတွေ ပိုများလာတာတွေ့ရတယ်။ အဲဒါတွေကို Home Made လို့ ခေါ်နေကြတာပဲ” ဟု ရန်ကုန်မှ အင်တာနက် သုံးစွဲသူတဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်ပသတင်းဌာနများ၏ ၀က်ဘ်ဆိုဒ်များကို အများပြည်သူမကြည့်နိုင်စေရန် အစိုးရက ပိတ်ထားသော်လည်း ယင်းညစ်ညမ်းဝက်ဘ်ဆိုဒ်များကိုမူ ကြည့်ရှု၍ရနေကြောင်း ပြည်တွင်းအင်တာနက် အသုံးပြုသူများထံမှ သိရသည်။
မန္တလေးမြို့ခံ စာနယ်ဇင်းဆရာတဦးက “မြန်မာညစ်ညမ်းဝက်ဘ်ဆိုဒ်တွေ တော်တော်ကို များလာပြီ။ သမီးရည်းစားအတွဲတွေ လည်း တော်တော်ရဲတင်းလာပြီ။ သမီးရည်းစားစုံတွဲနှစ်တွဲ အပြန်အလှန်ရိုက်ထားကြတာတွေတောင် ရှိလာပြီ။ တချို့ဆိုင်တွေ မှာဆို download လုပ်ပြီး Desktop ပေါ် အဆင်သင့်တင်ပေးထားတာ။ ဆိုင်ရှင်တွေအနေနဲ့ကလည်း ဒါမျိုးတော့ မလုပ်သင့်ပါဘူး” ဟု ဆိုသည်။
ယင်းကဲ့သို့ ညစ်ညမ်းဗွီဒီယိုများကို Desktop ပေါ် တင်ထားခြင်းမျိုးကို မိမိတို့အနေဖြင့် လုပ်ကိုင်ခြင်းမရှိကြောင်း၊ အခြားသော ဆိုင်ရှင်များလည်း လုပ်လိမ့်မည်မထင်ကြောင်း ရန်ကုန် တာမွေမြို့နယ်ရှိ အင်တာနက်ဆိုင်ရှင်တဦးက ပြောသည်။
၎င်းက “တချို့လူငယ်တွေက အဲဒီဆိုဒ်တွေကို ဖွင့်ကြည့်ပြီး download လုပ် desktop ပေါ်တင်သွားကြတာပါ။ လူများတဲ့အချိန်ဆို ကျနော်တို့လည်း အကုန်လိုက်ကြည့်ပြီး မဖျက်နိုင်ဘူး။ ဆိုင်က သေချာတင်ပေးထားတာ မဟုတ်ပါဘူး။ အလိုလိုမှ အင်တာနက်ဆိုင်တွေကို စရဖနဲ့ သတင်းတပ်ဖွဲ့က စောင့်ကြည့်နေတတ်တာ။ ဆိုင်တွေကိုယ်နှိုက်က အဲလိုလုပ်ကြမယ် မထင်ပါဘူး” ဟု ဆိုသည်။
နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာချိန်တွင် မြန်မာမိန်းကလေးများအနေဖြင့် မိမိ၏ အရှက်သိက္ခာ၊ မိဘဆွေမျိုးဂုဏ်သိက္ခာကို ပိုမိုစောင့်ထိန်းရန်လိုအပ်ကြောင်း အဖျက်သိမ်းခံထောက်လှမ်းရေးတပ်မှ တပ်ကြပ်ကြီးတဦးက ပြောသည်။
“ကိုယ့်ရည်းစားဆိုပြီး မယုံကြည်လိုက်ဖို့လိုတယ်။ ခုခေတ်မှာ ဖုန်းတွေမှာကို ကင်မရာတွေပါလာတယ်။ နောက် လုံခြုံရေးပိုင်းမှာ သုံးတဲ့ hidden camera တွေရှိတယ်။ ကိုယ်နဲ့ ဆက်ဆံနေတုန်းမှာ ဗွီဒီယိုရိုက်လို့ ရိုက်နေမှန်း မသိလိုက်ရဘူး။ ၀က်ဘ်ဆိုဒ်ပေါ်မှာ ပျံ့သွားတော့မှာ ကိုယ်ကျိုးနည်းကုန်ကြရော” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ Home Made ခေါ် ကိုယ့်ရည်းစားနှင့် နေထိုင်ပုံကို အချို့က အပျော်သဘောမျိုး ရိုက်ကူးရာမှ အကြောင်းကြောင်း ကြောင့် ၀က်ဘ်ဆိုဒ်ပေါ်ရောက်ရှိသွားခြင်းဖြစ်ပြီး အချို့က လူမှုရေးပိုင်းဆိုင်ရာ ရန်ငြိုးထား တုံ့ပြန်လို၍ အရှက်ကွဲရန် ဖန်တီးခြင်းမျိုးလည်းရှိကြောင်း အဆိုပါတပ်ကြပ်ကြီးက ပြောသည်။
“ရန်ကုန်က စီးပွားရေးသမားတယောက်ရဲ့သမီးလေး။ နိုင်ငံခြားသွားကျောင်းတက်နေတာ။ ဘယ်နိုင်ငံရယ်လို့တော့ ပြန်မပြောတော့ပါဘူး။ အဖေနဲ့စီးပွားပြိုင်ဖက်တယောက်က လူငယ်တယောက်ကို ငွေပေးပြီး သူ့သမီးကို ဖျက်ဆီးခိုင်းတာ။ နောက်ပြီး အဲဒီလိုအတူနေနေတဲ့ပုံကို အင်တာနက်ကနေပဲ ဖြန့်ချလိုက်တာ။ ကျနော်တို့ တပ်တွင်းမှာ ရှိတုန်းက အဲလိုမျိုးတွေ ကြုံတွေ့ဖြေရှင်းပေးခဲ့ရဖူးတယ်” ဟု ၎င်းက ရှင်းပြသည်။
ယင်းကဲ့သို့ ညစ်ညမ်းဗွီဒီယိုနှင့် ဓာတ်ပုံများကို ထောက်လှမ်းရေးများကလည်း စုဆောင်းထားရလေ့ရှိပြီး ပြန်လည် အသုံးချရမှုများလည်းရှိကြောင်း သိရသည်။
“အထူးသဖြင့်တော့ နာမည်ကြီးတွေနဲ့ ပတ်သက်တာတွေ စုရတယ်။ စီးပွားရေးသမားတွေ၊ အနုပညာရှင်တွေ အဲလိုမျိုးပေါ့။ အသုံးချရတယ်ဆိုတာက တခါတလေမှာ အထက်က လူကြီးတွေက ပွဲလုပ်ချင်တာပဲသိတယ်။ ငွေက ချမပေးဘူး။ ဥပမာ ဂေါက်ရိုက်ပြိုင်ပွဲ ဧည့်ခံပွဲအတွက် အဆိုတော် ရုပ်ရှင်မင်းသား၊ မင်းသမီး ငှားခိုင်းတယ်။ ဘတ်ဂျက်တော့ ထုတ်မပေးဘူး။ အဲလိုအခါမျိုးမှာ ကိုယ်က သူတို့နဲ့ပတ်သက်တဲ့ပုံတွေပြပြီး ဒီလိုပုံတွေ အပြင်မှာ မပြန့်ရအောင် ငါတို့ သိမ်းပေးထားတယ်။ ဘာညာနဲ့ပြောလိုက်ရင် သူတို့က ငွေစကားမပြောတော့ဘဲ ပွဲအတွက် လိုက်ရတော့တာပေါ့။ မလုပ်ချင်ပေမယ့်လည်း လူကြီးတွေကျေနပ်အောင်၊ ပွဲဖြစ်အောင် လုပ်ခဲ့ရတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။
ယခုအခါ အနုပညာရှင်အချို့၏ ညစ်ညမ်းပုံများသာမက သာမာန်အရပ်သူအရပ်သား သမီးရည်းစားအတွဲများ အတူနေထိုင်နေကြပုံများ အင်တာနက်ပေါ် ပိုမိုရောက်ရှိလာကာ ၎င်းတို့ကို ဗွီစီဒီအခွေအဖြစ် ကူးယူဖြန့်ချိ ရောင်းချမှုများ ပြည်တွင်း၌ တွင်ကျယ်လာနေကြောင်း သိရသည်။
စေတနာဗရဗွနဲ့တင်ဆက်လိုက်ရခြင်းသာဖြစ်ကြောင်း
မည်သူတစ်ဦးတစ်ယောက်ကိုမျှမထိခိုက်စေလိုပါ

Tuesday, 8 September 2009
Subscribe to:
Comments (Atom)